မြန်မာနိုင်ငံသည် အခြားနိုင်ငံကြီးများ လက်နက်ကိုင် ပဋိပက္ခအားပြိုင်မှုများဖြစ်ပေါ်လာလျှင် မိမိနိုင်ငံသည် စစ်မြေပြင်ဖြစ်လာနိုင်သည့် အခြေအနေကို ရှောင်ရှားလိုခြင်း၊ အခြားနိုင်ငံများရဲ့ နှောင်ကြိုးမဲ့အကူအညီများကို သာ လက်ခံလိုခြင်း၊ လူဦးရေ များပြားပြီး မူဝါဒချင်း ခြားနားကြသော အာရှနိုင်ငံကြီးများကြားတွင် တည်ရှိနေခြင်း ကြောင်း ဘက်မလိုက်သည့်နိုင်ငံခြားရေးမူဝါဒကို မြန်မာနိုင်ငံက ချမှတ်ကျင့်သုံးခဲ့သည်။ အိမ်နီးချင်း နိုင်ငံကြီးများဖြစ် သော တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခေါင်းဆောင်များနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူ(၅)ချက် ကို ၁၉၅၄ ခုနှစ်တွင်ချမှတ်ပြီးသဘောတူလက်မှတ်ရေးထိုးခဲ့သည်။ ဘန်းဒေါင်းမူ(၅)ချက်ဟု ထင်ရှားခဲ့သည်။ ထိုမူ(၅)ချက်သည် မြန်မာနိုင်ငံက စတင်ဦးဆောင်တင်သွင်းခဲ့ပြီး အာရှ-အာဖရိက နိုင်ငံပေါင်း ၂၉ နိုင်ငံက သဘောတူညီခဲ့သော ဘက်မလိုက်နိုင်ငံများအုပ်စု ကြီး ထွက်ပေါ်လာသည်အထိ ထင်ရှားခဲ့သည်။
- (၁) တစ်နိုင်ငံ၏ နယ်မြေတည်တံ့မှုနှင့် အချုပ်အခြားအာဏာပိုင်ဆိုင်မှုကို တစ်နိုင်ငံကလေးစားရန်၊
- (၂) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်တိုင်ခိုက်မှုမပြုရန်၊
- (၃) တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပြည်တွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်၊
- (၄) တစ်နိုင်ငံနှင့်တစ်နိုင်ငံ တန်းတူရည်တူရှိရန်နှင့် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းရေး၊
- (၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရန် ဟူသော ဘန်ဒေါင်းမူ (၅) ချက်တို့သည် မြန်မာ့နိုင်ငံရေးမူဝါဒ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အစိုးရအသီးသီးတို့ လက်ခံ ကျင့်သုံးခဲ့ကြပြီး နိုင်ငံတကဆက်ဆံရေးတွင်လည်း နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးရှိလာသည့်တိုင်အောင် အရေးပါသည့် စံချိန်စံညွှန်းများအဖြစ်ခိုင်မြဲစွာ တည်ရှိနေပါသည်။
၁၉.၂.၂၀၂၁ ရက်စွဲပါ မြန်မာ့အလင်းသတင်းစာမှ အကျဉ်းချုပ် ကောက်နုတ်ဖော်ပြသည်။
0 Comments